Wednesday, October 8, 2014

● အစွန်း ရောက် ခရစ် ယာန်များ အကြောင်း သိမှတ် စရာ...

မြန်မာ နိုင်ငံ သို့ ၂၀၁၃ ခုနှစ်မှ စ၍ ကမ္ဘာ အရပ် ရပ်မှ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်း မာရေး အ ဖွဲ့အစည်း များ တစထက် တစ၀င် ရောက်လာ သလို ကမ္ဘာ အရပ်ရပ်မှ ..သွန်သင် ချက် အမျိုး မျိုးဖြင့် ဘာသာရေး အဖွဲ့ အစည်း အမျိုး မျိုး လည်း ၀င်ရောက် လာတော့ မည်ဖြစ် ပါသည်။ ထို့သို့ ၀င်ရောက် လာမည့် ဘာသာရေး အဖွဲ့ အစည်း များ ထဲတွင် မှားယွင်း သော သွန်သင် ချက် များဖြင့် ငွေကြေး အမြောက် အများ အသုံးပြု ပြီး ၀င်ရောက် လာ မည့် အဖွဲ့ အစည်း များလည်း ရှိပါသည်။ တစ်ဖက် တွင် လည်း ကျွန်ုပ် တို့၏ အခြေအနေ သည်ပင် ပန်းကြပ် တည်းစွာဖြင့် လုပ်ကိုင် ရှာဖွေ စားသောက် နေကြရခြင်း၊ အပေါ် ယုံကြည်မှု များက အလေးသာ နေခြင်း များကြောင့် ရေကန် အသင့် ကြာ အတင့်ဟု ဆိုရ မလား၊ ဇရက် တောင်ပံ ကျိုးနှင့် ကြောင်ခံ တွင်းပျက် ဟုပြောရ မလားပင် မဆို တတ် တော့ပါ။ ထို့ကြောင့် ဤသို့ ကြောက်မက် ဖွယ်ရာ ကောင်းသော အ စွန်းရောက် အယူ အဆ များကို ချိန်ဆ နိုင်ရန်၊ ခွဲခြားနိုင် ရန်နှင့် ရှောင်ကျဉ် နိုင်ရန် အတွက် လက်လှမ်းမှီ သမျှ စုစည်း ဖေါ်ပြ ပေးခြင်း ဖြစ်ပါ သည်။ ဤမှားယွင်း သော သွန်သင် ချက်များအား အချိန်မှီ တားဆီးရန် ခရစ်ယာန် အဖွဲ့အစည်း ရှိခေါင်း ဆောင်များ၊ အသင်း တော်၏ သင်းအုပ် ဆရာ/မများ၊ ဓမ္မ၀န်ဆောင် များ၏ တာဝန် သာမက အသင်းသား/သူ တစ်ရပ် လုံး၏ တာဝန် လည်းဖြစ် ပါသည်။ ဤသို့သော အဖြစ်အပျက် များသည် ယနေ့ ခောတ်၌ ပင်မ ဟုတ်ပါ တမန် တော်ကြီး ရှင်ပေါလု လက်ထက် က တည်း ကပင် ရှိခဲ့ကြောင်း သမ္မာ ကျမ်းစာ၌ တွေ့ရ ပါသည်။ (ဂလာတိ၊ ၁း၆-၈) တွင် “ခရစ်တော်၏ ကျေး ဇူးတော် အားဖြင့် သင်တို့ကို ခေါ်တော် မူသော သူနှင့်ဤ မျှလောက် မြန်မြန် ခွာ၍ သင်တို့ သည် အခြားသော ဧ၀ံဂေလိ တရားကို ခံယူကြ သောကြောင့် ငါသည် အံ့သြ ခြင်းရှိ၏” “ထိုဧ၀ံ ဂေလိ တရား သည် ဧ၀ံဂေ လိတ ရား မဟုတ် သင်တို့ကို နှောင့်ယှက်၍ ခရစ်တော်၏ ဧ၀ံဂေလိ တရားကို မှောက်လှန် ချင်သောသူ အချို့ ရှိကြ၏။ သို့သော်လည်း သင်တို့အား ငါဟော ပြောသော ဧ၀ံဂေလိ တရားမှ တပါး အခြားသော ဧ၀ံဂေလိ တရားကို ငါဟော ပြောသော် လည်းကောင်း၊ ကောင်းကင် ဘုံမှ လာသော ကောင်းကင် တမန်ဟော ပြောသော် လည်းကောင်း၊ ဟောပြော သောသူ သည် ကျိန်တော် မူခြင်း ကိုခံစေ။” ဟု ဂလာတိ အသင်းတော် အား တမန်တော်ကြီး ရှင်ပေါလုက သတိပေး ထားကြောင်း တွေ့မြင် နိုင်သည်။ လောကတွင် အယုံ လွယ်သော သူများသည် အလိမ် အများဆုံး ခံရသူများ ဖြစ်သည်။ ထို့ကြောင့် ဘယ်အကြောင်း အရာမဆို ဘုရားပေး ထားသော ဆင်ခြင် ဥာဏ်ဖြင့် စဉ်းစား ဆင်ခြင် တတ်ဖို့ လိုပေသည်။ ကျွန်ုပ်တို့ အားလုံးသည် လူသား ဖြစ်သည့် အားလျှော် စွာ အမှားများ မကြာခဏ ပြုတတ်ကြ ပါသည်။ သို့သော် အမှား အားလုံးသည် သေစေနိုင် သောအရာ မဟုတ်ပါ။ ဓမ္မဆရာ၊ တရားဟော ဆရာ/မများ၊ ခရစ်ယာန် ခေါင်းဆောင် များပြုတတ် သောဘာ သာရေး အယူ အဆ အမှား (အစွန်းရောက် ဘာသာရေး အယူအဆ) များသည် လူ့အသက်ကို သေစေနိုင် သည်သာ မက လူ့ဝိညာဉ် ကိုပါ ထာဝရ ဆုံးရှုံးစေ ပါသည်။ လွန်ခဲ့သော ဆယ်စုနှစ် (၃)စု အတွင်းက ရာထောင် ချီသော လူများ တို့သည် ဘာသာရေး လောကထဲ ပါဝင် ပက်ပြီး အစွန်း ရောက်ခဲ့သော ကြောင့် အသက် ဆုံးရှုံး ခဲ့ကြ ရသည်။ တနည်း အားဖြင့် ဆိုသော် မှားယွင်းသော ဘာသာရေး အယူအဆ များကို သွန်သင် ကြသော ဘာ သာရေး ခေါင်းဆောင်များ နောက်သို့ လိုက်ခဲ့ သောကြောင့်၊ ယုံကြည် ခဲ့ကြ သောကြောင့် ပင်ဖြစ် သည်။ အဆိုးဆုံး မှာ-ထိုမှားယွင်း သော သွန်သင် ချက်များကို သွန်သင် ခဲ့သော ခေါင်းဆောင် များကို ကိုးကွယ် ကြခြင်း ပင်ဖြစ် သည်။
အစွန်းရောက်သူများ၌တွေ့ရှိရသောအချက်များ(သာမန်အားဖြင့်)
   ၁။ သမ္မာ ကျမ်းစာမှ ဖေါ်ပြချက် များကို တလွဲ မှီငြမ်းခြင်း။
  ၂။ နောက်ခံ သမိုင်း၊ အခြေ အနေ အချိန်အခါ ဆက်စပ်မှု မရှိသော သမ္မာ ကျမ်း စာမှ အကြောင်း အရာများနှင့် ကျမ်းပိုဒ် များကို ယှဉ်တွဲ ပေါင်းစပ် အသုံး ပြုခြင်း။

   ၃။ သမ္မာ ကျမ်းစာ လွဲမှားစွာ (ကျမ်းစာ အုပ်ကို လက်ဖွဲ့ အဆောင် သဖွယ်) အသုံး ပြုခြင်း။
  ၄။ ကျမ်းပိုဒ်၏ သွန်သင် ချက်များကို အစမှ အဆုံး မခံယူ၊ အဆုံးသတ် ကျမ်းချက် များကိုလည်း ဂရု မစိုက် မိမိလို ရာသို့ ဆွဲယူ ပြော ဆိုခြင်း။
  ၅။ လူနည်းစု မျှသာ နားလည် နိုင်သော ဘာသာ စကား ပြောဆိုခြင်း၊ ဘာသာ ပြန်ဆိုခြင်း များပေး တတ်ခြင်း။
   ၆။ သမ္မာ ကျမ်းစာကို သေးသိမ် အောင်ပြု လုပ်ခြင်း။
  ၇။ အခြားသော ဘာသာ တရားများမှ အချက်များနှင့် နှိုင်းယှဉ်ကာ တူညီပါ သည်ဟု (ရောသမမွှေ) ပြောခြင်း။
   ၈။ သမ္မာ ကျမ်းစာ ထဲမှ ကျမ်းစကား များအား အသစ် သွင်းခြင်း၊ နှုတ်ပယ်ခြင်း။
  ၉။ သမ္မာ ကျမ်းစာ ထဲတွင် အပို ဖြည့်စွက်မှု များပြု လုပ်ခြင်း၊ သို့တည်း မဟုတ် ဗျာဒိတ် တော်များကို အလွန် ကောင်း မွန်ကြောင်း၊ အလွန် ထူးခြားသောထိုးထွင်း သိနိုင်မှုများ နှင့်သမ္မာ ကျမ်းစာကို နားလည် နိုင်ပါကြောင်း ပြောဆိုခြင်း။
 ၁၀။ သမ္မာကျမ်း စာမှ ဆိုလိုရင်း များကို အလွဲ နားလည် စေခြင်း၊ မှားယွင်းသော သတင်းများ ပေးခြင်း တို့ဖြစ် ပါသည်။
 ၁၁။ ဘုရားသခင် အပေါ် ယုံကြည် ကိုးစား လာတတ်ရန် သွန်သင် ခြင်းထက် မိမိအပေါ် ယုံကြည် စိတ်ချ အားကိုး လာစေရန် ရည်ရွယ် ချက်ဖြင့် သွန်သင်ခြင်း၊ စည်းရုံးခြင်း။ မိမိကိုယ် မိမိ ယေရှု ခရစ်တော် ဖြစ်သည်ဟု ပြောဆိုခဲ့ သူများ အောက်ဖေါ် ပြပါ စာရင်းတွင် ပါဝင်သော သူများ သည် ထင်ပေါ် ကျော်ကြား သူများ ဖြစ်ကြပြီး မိမိကိုယ် မိမိဖြစ်စေ၊ နောက်လိုက် များအား ဖြစ်စေ “ယေရှု ခရစ်တော် ၀င် စားခြင်း” “ယေရှုခရစ် တော် ဒုတိယ အကြိမ် ကြွ လာခြင်း” ဖြစ်သည်ဟု ပြောဆို ခဲ့သော သူများဖြစ် ကြသည်။ ထိုသူများ ကိုကြည့်ခြင်း ဖြင့် လွဲမှား သော သွန်သင် သူများ အား ခွဲခြား တတ်ရန် အတွက် အထောက် အကူ ဖြစ်စေ ပါလိမ့်မည်။

၁၉-ရာစု၌ထင်ပေါ်ကျော်ကြားခဲ့သောအစွန်းရောက်သူများ
John Nichols Thom(1799-1838)
မိမိကိုယ်ကို မိမိ ကမ္ဘာကြီးအား ကယ်တင် မည့်သူ၊ ယေရှု ခရစ်တော် ပြန်လည် ၀င်စားသူ၊ သန့်ရှင်း သော
ဝိညာဉ် တော် ၏ ဗိ မာန်တော်သည် သူ၏ ခန္ဓာကိုယ် ဖြစ်သည်ဟု (၁၈၃၄) ခုနှစ်တွင် ကြေငြာ ခဲ့သူ ဖြစ်သည်။ အင်္ဂင်္ လန် နိုင်ငံ၊ ကန့်မြို့တွင် ၁၈၃၈ ခုနှစ်၊ မေလ (၃၁)ရက် နေ့တွင် ဗြိတိသျှ စစ်သား များ၏ အသေ သတ်ခြင်းကို ခံခဲ့ ရသည်။

Arnold Potter(1804-1872)
သူ့ကိုယ်သူ ယေရှု ခရစ်တော် ၏ ၀ိညာဉ်တော် သည် သူ၏ ခန္ဓာ ကိုယ်ထဲသို့ ၀င်ရောက်ပြီး၊ သူသည် အသက်ရှင် တော် မူသော ဘုရားသခင်၏ သားတော် (Potter Christ) ဖြစ်လာ သည်ဟု ကြေငြာ ခဲ့သည်။ ထိုသူသည် တောင် ထိပ်ပေါ်မှ နေ၍ ကောင်းကင် သို့ပြန်တက် ရန် ကြိုးစား နေစဉ် တောင်ပေါ်မှ ပြုတ်ကျပြီး သေဆုံး သွား ခဲ့သည်။ ထိုသူ၏ ရုပ် အလောင်းကို သူ၏ နောက်လိုက် တပည့် တပန်း များက ကောက် ယူ မြုတ်နှံ ခဲ့သည်။

Baha’u’llah(1817-1892)
ကမ္ဘာပေါ်ရှိ ဘာသာ တရားများ၏ အနာဂတ်တွင် ပေါ်ထွန်း လာမည့် ကတိတော် ပေးထားသော သူတစ်ဦး

ဖြစ်ကြောင်း ကြော်ငြာ ခဲ့သည်။ သူသည် Baha ယုံကြည် မှုကို (၁၈၆၆) ခုနှစ်တွင် တည်ထောင် ခဲ့သည်။ သူ၏ နောက်လိုက် တပည့် တပန်းများက သူ့အား ခရစ်တော် ဒုတိယ အကြိမ် ကြွလာ မည်ဟု ပရောဖက် ပြုချက် အားပြည့်စုံ စေသော သူဟူ၍ လည်းကောင်း၊ ပဉ္စမမြောက် အရိမေ တ်ယ် မြတ်စွာ ဘုရား ကြွလာ မည်ဟု ပရော ဖက်ပြု ထားခြင်း အား ပြည့်စုံ စေသောသူ ဖြစ်သည် ဟူ၍ လည်းကောင်း ယုံကြည် ကြသည်။

William W.Davies(1833-1906)
ကောင်းကင် နိုင်ငံတော် သည် ၀ါလာဝါ အရပ်၊ (၀ါရှင် တန်မြို့၊ ၁၈၆၇ မှ၁၈၈၁ အထိ)တည်ရှိ သည်ဟု ယုံကြည်သော နောက် ဆုံးသော နေ့ သူတော်စင် အုပ်စု အဖွဲ့၏ ခေါင်းဖြစ် သည်။ ထိုသူသည် တပည့် တပန်း များအား သူသည် ကောင်းကင် တမန်မင်း (Michael) ဖြစ်ပြီး ဟိုယခင် သမ္မာကျမ်း စာခောတ် အာဒံ၊ အဗြံဟံနှင့် ဒါဝိဒ်တို့ ခောတ်တွင် အသက် ရှင် နေထိုင် ခဲ့သူဖြစ် သည်ဟု ပြောခဲ့ သည်။ သူ၏ ပထမ သားဦး Arthur (1868) ခုနှစ်၊ ဖေဖေါ် ၀ါရီလ (၁၁)ရက်တွင် မွေးဖွား လာသော အခါ ဤကလေး သည် ယေရှုခ ရစ် တော် ပြန်လည် ၀င်စားသော သူဖြစ်သည် ဟု ကြော်ငြာ ခဲ့သည်။ ဒုတိယ သားဒါဝိဒ် (၁၈၆၉) ခုနှစ်တွင် မွေးဖွား လာသော အခါ ထိုသားသည် ခမည်းတော် ဘုရား ၀င်စား သည်ဟု ကြေငြာ ခဲ့သူလည်း ဖြစ်သည်။

Mirza Ghulam Ahamd(1835-1908,India)
နောက်ဆုံး သော အချိန်၌ ကြွလာ မည်ဟု စောင့်မျှော်ခြင်း ခံရသော မေရှိယ ဖြစ်ကြောင်း ကြေငြာ ခဲ့သူ ဖြစ်သည်။ ထိုသူသည် ဘုရားသခင် စေလွှတ်သော သူဖြစ်ပြီး လူသား များ၏ ပြုပြင် ပြောင်းလဲ ရေးကို လုပ်ဆောင် ဖို့ရန် ဘုရားသခင် စေလွှတ်ခြင်း ခံခဲ့ရသော သူဖြစ် သည်ဟု ဆိုသည်။

၂၀-ရာစု၌ထင်ပေါ်ကျော်ကြားခဲ့သောအစွန်းရောက်သူများ
Haile Selassie 1(1892-1975)
၁၉၃၀ -ခုနှစ်တွင် အီသီယိုး ပီးယား၏ ပြည့်ရှင် ဖြစ်လာ ခဲ့ပါသည်။ ဗျာဒိတ် ကျမ်း ၅း၅ တွင် ဗျာဒိတ် ပြုထားသော မေရှိယ ပြန်လာခြင်း ဖြစ်သည်ဟု ပြောဆို သည်။ သူ့အား သူ့နောက် လိုက် များက ဒုတိယအကြိမ် ကြွလာသော ယေရှုခရစ် ဖြစ်သည်ဟု ယုံကြည် ကြသည်။

Laszlo Toth(1940-)
ဟန်ဂေရီ လူမျိုး ၊သြစတေးလျ နိုင်ငံသား၊ သူ့ကိုယ်သူ ယေရှု ခရစ်တော်ဟု ပြောခဲ့ သည်။

Wayne Bent(1941-)
သူ့ကိုယ်သူ ဘုရားသခင် ၀င်စားသော သူ၊ လူ့ဇာတိနှင့် ဘုရားဇာတိ အပြည့်အ၀ ပါရှိသောသူ ဖြစ်သည် ဟု ကြော်ငြာ် ခဲ့သည် သူသည် ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့ တွင် လိင်မှုဆိုင်ရာ ရာဇ၀တ်မှု ကျူးလွန်သူ ဟု တရားရုံးမှ တရားစွဲ ဆိုခြင်း ခံရသော သူဖြစ်သည်။

Ariffin Mohammed(1943-)
သူသည် မလေးရှား နိုင်ငံ၌ ၁၉၇၅ ခုနှစ်တွင် (skykingdom) “မိုးကောင်း ကင်ကောင်း ကင်နိုင်ငံ တော်” အဖွဲ့ကို တည်ထောင် ခဲ့သည်။ သူသည် ကောင်းကင် နိုင်ငံနှင့် တိုက်ရိုက် အဆက် အသွယ် ရှိ သူဟု ကြေငြာ ခဲ့သည်။ သူ၏ နောက်လိုက် များက သူ့အား သခင်ယေရှု ခရစ်ဝင် စားသူ၊ ကုလား ဘုရား shiva ဗုဒ္ဓနှင့် မိုဟာမက် ၀င်စားသူ ဖြစ်သည်ဟု ယုံကြည် ကြသည်။

Mitsuo Matayoshi(1944-)
အယူသီး ဂျပန် နိုင်ငံရေး သမား တစ်ဦး ဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် သူသည် ဘုရား သခင်နှင့် ယေရှု ခရစ်တော် ဖြစ်သည်ဟု ဆိုလျှက် World Economic Community Party ကို တည်ထောင် ခဲ့သည်။ သူ့ နာမ်မည်အား ယေရှု မာတာ ယိုရှီဟု ပြောင်းခဲ့သည်။ သူ့အစီအစဉ် အရ ယေရှု ခရစ်တော် ကဲ့သို့ နောက်ဆုံးသော တရား စီရင်ခြင်းကို ပြုလုပ်မည် ဖြစ်ကြောင်း၊ သို့သော်လည်း လက်ရှိ နိုင်ငံရေး စနစ်အတိုင်း ကျင့်သုံး မည်ဖြစ်သည်။

Jose Luis de Jesus Miranda(1946-)
သူသည် ဖလော်ရီဒါ ပြည်နယ်၊ မီယာမီ၌ “ကျေးဇူး တော်၌ ကြီးပွားခြင်း” အဖွဲ့ အစည်းကို တည်ထောင်သူ ဖြစ် သည်။ သူ့ကိုယ်သူ ရှင်ပြန် ထမြောက်သော ခရစ်တော်ဟု ၂၀၀၇ ခုနှစ်တွင် ကြေငြာ ခဲ့သည်။

Inri Cristo(1948-)
ဘရာဇီး လူမျိုး၊ နက္ခတ်တ ဗေဒ ပညာရှင် ဖြစ်ပြီး၊ သူ့ကိုယ်သူ ၁၉၆၉ ခုနှစ်၌ ဒုတိယ အကြိမ် ယေရှု ခရစ်တော် ပြန် လည်ဝင် စားသော သူဖြစ်သည်ဟု ပြောဆို ခဲ့သည်။

Thomas Harrison Provezano(1949-2000)
အမေရိကန် နိုင်ငံသား၊ စိတ္တဇ လူသတ် သမား ဖြစ်ပြီး သူအသတ် ခံရခြင်းသည် ယေရှု ခရစ်တော် လက်ဝါး ကဒ်တိုင်၌ အသေခံ ခဲ့ခြင်းကို ထပ်တူ ပြုခဲ့သည်။

Shoko Asahara(1955-)
၁၉၈၄ ခုနှစ်တွင် aum shinrikyo ဂျပန် ဘာသာရေး အဖွဲ့ကို တည်ထောင် ခဲ့သည်။ သူ့ကိုယ်သူ ခရစ်တော်၊ ဂျပန်နိုင်ငံ အတွက် ပြည့်ဝ စုံလင်သော အလင်း တရားကို ပေးမည့် အရှင် သခင်နှင့် ဘုရား သခင်၏ သိုးသူ ငယ် ဖြစ်သည်ဟု ကြေငြာ ခဲ့သည်။ ၁၉၉၅ ခုနှစ်၊ မတ်လ (၂၀) ရက်တွင် တိုကျိုမြို့ မြေအောက် ရထား လှိုင်ဂူ၌ အဆိပ် ငွေ့ဖြင့် တိုက်ခိုက် ခဲ့သောသူ ဖြစ်သည်။ သူ့အား သေဒဏ် ပေးခဲ့သည်။

David Koresh(1959-1993)
ခရစ်ယာန် ဘာသာရေး ခေါင်းဆောင် တစ်ဦး ဖြစ်သည်။ သူ့ကိုယ်သူ ယေရှု ခရစ်တော်၊ နောက်ဆုံး သော ပရောဖက်၊ ဘုရား သခင်၏ သားတော်၊ သိုးသူငယ် ဖြစ်သည်ဟု ၁၉၈၃ ခုနှစ်တွင် ကြေငြာ ခဲ့သည်။ ၁၉၉၃ ခုနှစ် တွင် FBI မှ ၀န်းရံ ထားကာ အပြန် အလှန် ပစ်ခတ် ကြပြီး အဖွဲ့ဝင်(၆၅)ဦး သေဆုံးပြီး ထိုအထဲမှ (၂၁)ဦးသည် ကလေးငယ် များဖြစ်သည်။